နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ။
*မင်းကွန်း ဆရာတော်ဘုရားကြီး၏ ခန္ဓာငါးပါး ၀ိပဿနာလင်္ကာ* (၁) ရုပ်ဟုတွင်မည်၊ ခန္ဓာသည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏၊ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏၊ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး၊ ပညာစက္ခု၊ မြော်ထောက်ရှုလျှင်၊ သူ့သဘာဝ၊ အနိစ္စနှင့်၊ ဒုက္ခ, အနတ္တာ၊ မှန်လှစွာ၏၊ ငါ, ငါ့ဥစ္စာ၊ ငါ့လိပ်ပြာဟု၊ ဘာတစ်ခုမျှ၊ မဟုတ်ကြသည်၊ ဓမ္မသက်သက်ပါတကား။ (၂) ဝေဒနာတွင်မည်၊ ခန္ဓာသည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏၊ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏၊ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး၊ ပညာစက္ခု၊ မြော်ထောက်ရှုလျှင်၊ သူ့သဘာဝ၊ အနိစ္စနှင့်၊ ဒုက္ခ, အနတ္တာ၊ မှန်လှစွာ၏၊ ငါ, ငါ့ဥစ္စာ၊ ငါ့လိပ်ပြာဟု၊ ဘာတစ်ခုမျှ၊ မဟုတ်ကြသည်၊ ဓမ္မသက်သက်ပါတကား။ (၃) သညာတွင်မည်၊ ခန္ဓာသည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏၊ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏၊ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး၊ ပညာစက္ခု၊ မြော်ထောက်ရှုလျှင်၊ သူ့သဘာဝ၊ အနိစ္စနှင့်၊ ဒုက္ခ, အနတ္တာ၊ မှန်လှစွာ၏၊ ငါ, ငါ့ဥစ္စာ၊ ငါ့လိပ်ပြာဟု၊ ဘာတစ်ခုမျှ၊ မဟုတ်ကြသည်၊ ဓမ္မသက်သက်ပါတကား။ (၄) သင်္ခါရတွင်မည်၊ ခန္ဓာသည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏၊ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏၊ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး၊ ပညာစက္ခု၊ မြော်ထောက်ရှုလျှင်၊ သူ့သဘာဝ၊ အနိစ္စနှင့်၊ ဒုက္ခ, အနတ္တာ၊ မှန်လှစွာ၏၊ ငါ, ငါ့ဥစ္စာ၊ ငါ့လိပ်ပြာဟု၊ ဘာတစ်ခုမျှ၊ မဟုတ်ကြသည်၊ ဓမ္မသက်သက်ပါတကား။ (၅) ၀ိညာဏ်တွင်မည်၊ ခန္ဓာသည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏၊ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏၊ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး၊ ပညာစက္ခု၊ မြော်ထောက်ရှုလျှင်၊ သူ့သဘာဝ၊ အနိစ္စနှင့်၊ ဒုက္ခ, အနတ္တာ၊ မှန်လှစွာ၏၊ ငါ, ငါ့ဥစ္စာ၊ ငါ့လိပ်ပြာဟု၊ ဘာတစ်ခုမျှ၊ မဟုတ်ကြသည်၊ ဓမ္မသက်သက်ပါတကား။ ။

Tuesday 17 May 2011

နိဒါန်းအဆက်


­­­­­­­­­ 
 နိဒါန်းအဆက်----
သာမန်အသေးအမွှားကိစ္စလေးမှစ၍ အကြီးအကျယ် စိတ်ရှုတ်စိတ်တိုတက်သူသည် အလှအပကိုဖြက်စီးရာ၌ တစ်ခုအပါအ၀င်ဖြစ်ပါသည်။ လူရောစိတ်ပါကြည်လင်ပြီး စိတ်ရင်းစေတနာကောင်းမွန်ခြင်၊ သူတစ်ပါးတို့၏ အောင်မြင်မှုအပေါ် ခံစားနားလည်ခြင်းစသည်တို့သည် စိတ်ကိုအေးချမ်းစေပြီး ရုပ်ရည်၏ အလှအပကိုလည်း တိုးတက်ပြောင်းလည်းလာမည်ဖြစ်သည်။ ယင်းသို့ဖြစ်ပေါ်လာရန် အခြေခံအကြောင်းရင်းမှာ မေတ္တာ တရားထားနိုင်မှုပင်ဖြစ်သည်။
        မေတ္တာသည် လှပစေခြင်း၏အကြောင်းကို ဖန်တီးပေးသော ဖန်တီးရှင်လည်းဖြစ်၏။ လှချင်သူတို့သည် မေတ္တာဖြင့်အလှဆင်ကြရမည်။ မေတ္တာဖြင့် အလှအပကို ဖန်တီးကြရမည်။ မေတ္တာသည် သဇင်၊ စံပယ်၊ ခတ္တာ၊ ဂမုံးစသော သဘာဝပန်းမျာထက် မနှိုင်းယှဉ်သာအောင်လှသည်။ လောက၌ အလှဆုံးတရားဖြစ်၍ လောကကြီး တစ်ခုလုံးကို အလှဖုံးလွှမ်းစေနိုင်သော တရားလည်းဖြစ်သည်။ လူအချင်းချင်း ချစ်ခင်ကြင်နာ၍ ဖက်လဲတကင်း ရိုင်းပင်းကူညီတက်သော တရားလည်းဖြစ်သည်။ ရန်သူဟူသမျှကို တွန်းလှန်ဖြိုဖျက်နိုင်သော အကောင်းဆုံးသော လက်နက်လည်းဖြစ်သည်။ ချမ်းမြေ့စွာနေနည်းဟူသမျှတို့တွင် မေတ္တာဖြင့်နေခြင်းသည် အချမ်းမြေ့ဆုံးသော နေနည်းဖြစ်သည်။
        မေတ္တာသည် လူတစ်ဖက်သားကို စွဲဆောင်နိုင်စွမ်းရှိသည်။ မေတ္တာထားလျှင် အရုပ်ဆိုးအကျည်းတန်သူ ဖြစ်သော်လည်း မမြင်နိုင်သောညှို့ဓာတ်၊ စွဲငင်ဓာတ်ရှိနေသောကြောင့် လူတိုင်းကချစ်ခင်လေးစားကြသည်။ လောကကို အလှဆင်ရန်၊ ချမ်းသာစေရန်၊ ငြိမ်းချမ်းစေရန် ပေါ်ပေါက်လာသည်။ သတ္တာဝါတိုင်း လှချင်ကြသည်။ ချမ်းသာချင်ကြသည်။ ငြိမ်းငြိမ်းချမ်းချမ်းနေချင်ကြသည်။ ထိုသို့ဖြစ်ရန် ရုပ်ပစ္စည်းတစ်မျိုးတည်းဖြင့် မလုံလောက်ပေ။ မေတ္တာစသော တရားအလှပါမှသာ ပြီးပြည့်စုံနိုင်ပေသည်။
        သတ္တ၀ါတိုင်း မိမိတို့၏ဘ၀ကို ပြီးပြည့်စုံချင်ကြသည်။ ပြီးပြည့်စုံအောင် ဆောင်ရွက်ပေးသူကိုလည်း ချစ်ခင်လေးစားကြသည်။ ထို့ကြောင့် မိမိလည်းပြည့်စုံ သူတစ်ပါးကိုလည်း ပြည့်စုံမှုပေးနိုင်သော မေတ္တာကို လူအများကြိုက်နှစ်သက်ကြခြင်း၊ မေတ္တာပွားပို့နေကြခြင်းဖြစ်သည်။
        ဘာသာအမျိုးမျိုး လူမျိုးအသီးသီးတို့၏ တစ်ခုတည်းသော ပေါင်းဆုံရာဖြစ်သည်။ ဘယ်ဘာသာ၊ ဘယ်လူမျိုးမဆို၊ မေတ္တာကို မလိုချင်သူဟူ၍မရှိပေ။ မေတ္တာမပွားများဖြစ်ရင်သာရှိရမည်။ မေတ္တာကို မလိုချင်၍ မပွားများကြခြင်းမဟုတ်ပေ။ မေတ္တာကိုမြတ်နိုးကြသည်။ လက်ခံကြသည်။ မေတ္တာရှင်ကြီးများ၏ မေတ္တာဓာတ်ကိုလည်း အမြဲတမ်းတောင်းတနေကြသည်။ ယုတ်စွအဆုံး တိရစ္ဆာန်များပင် မေတ္တ္တာကိုလိုချင်ကြသည်။ မေတ္တာဖြင့် ချော့မော့ပြောဆိုလျှင် ကြိုက်ကြသည်။ ထို့ကြောင့် သတ္တ၀ါအားလုံးတို့၏ ပေါင်းဆုံရာသည် မေတ္တာပင်ဖြစ်ပါသည်။
        ယ္ခုရေးသားမည့်စာတမ်းတွင် ပိဋကတ်တော်များမှလာသည့် မေတ္တာတရားကိုအခြေခံ၍ လက်လှမ်းမီသမျှကို ရေးသားတင်ပြပါမည်။ ဘယ်အချိန်မှာဆုံးမည်မသိသော ဘ၀လမ်းမကြီးပေါ်မှာ လျှောက်လှမ်းနေခိုက် တစ်ယောက်နှင့်တစ်ယောက် မိသားစုစိတ်၊ ညီရင်းအစ်ကို မောင်ရင်းနှစ်မစိတ်၊ တစ်ဦးကစေတနာ၊ တစ်ဦးကမေတ္တာ၊ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ကူညီစောင့်ရှောက်ကြပြီး၊ စာနာမှု၊ ညှာတာမှု၊ သဘောထားကြီးမှုတို့ဖြင့် ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ နေထိုင်ကြရန်၊ ထိုမှတစ်ဆင့် မိသားစုငြိမ်းချမ်းရေးမှသည် ကမ္ဘာလောကငြိမ်းချမ်းရေဆီသို့၊ မိသားစုအလှမှသည် ကမ္ဘာလောကအလှဆီသို့ ပို့ဆောင်ဖန်တီးနိုင်ကြရန်၊ မနာလိုကင်း ၀န်တိုရှင်းကြစေရန်၊ အနိုင်ကျင့်မှု ဖိနှိပ်ချုပ်ချယ်မှုတို့မှ ကင်းဝေးကြစေရန်၊ ပစ္စုပ္ပန်သံသရာ နှစ်ဖြာတို့ကို အလှဆင်နိုင်ကြစေရန် ရည်ရွယ်၍ ရေးသားထားခြင်းဖြစ်သောကြောင့် ဤစာတမ်းငယ်ကို - လှချင်သူတိုင်းအတွက်ဖန်တီးရှင် - ဟု အမည်ပေးထားပါသည်။ ဤစာတမ်းငယ်၌ အခန်းငါးခန်းဖွဲ့၍ ရေးသားပါမည်။
       အခန်း (၁) တွင် အလှဖန်တီးရှင်ဆိုတာဘာလဲ၊ အလှအပကို ဘယ်လိုဖန်တီးရမလဲ၊ မိမိရောသူတစ်ပါးပါ လှပအောင် ဘယ်လိုလုပ်ရမလဲ၊ လောကကြီးကိုဘယ်လိုအလှဆင်ရမလဲစသော အလှဆင်ပုံ အကြောင်းများကို လည်းကောင်း။
        အခန်း (၂) တွင် အလှအပ၏ဆန့်ကျင်ဖက်ဟာဘာလဲ၊ ဘာကြောင့်အကျည်းတန်ရသလဲ၊ ဘာကြောင့် အလှပျက်ပြီး ရုပ်ရည်အိုလွယ်ရသလဲ၊ အလှမပျက်အောင် ဘာတွေရှောင်ကြဉ်ရမလဲစသော အကြောင်းများကို လည်းကောင်း။
        အခန်း (၃) တွင် အလှဖန်တီးရှင်၏ အကောင်းဆုံးသော မဟာမိတ်၊ အကောင်းဆုံးသော အဖေါ်မွန်၊ နေရာတကာတွင် သူမပါရင်မပြီးနိုင်တာဘာလဲစသော အကြောင်းများကိုလည်းကောင်း။
        အခန်း (၄) တွင် မေတ္တာတရားကိုရင်ဝယ်ပိုက်ပြီး အရာရာကို မေတ္တာဖြင့် အနိုင်ယူခဲ့သော မေတ္တာရှင် ပုဂ္ဂိုလ်ကြီးများ၏အကြောင်း၊ အခက်အခဲဟူသမျှနှင့် ဘေးရန်အပေါင်းတို့ကို အောင်မြင်ခဲ့ခြင်းစသော အကြောင်းများကိုလည်းကောင်း။
        အခန်း (၅) တွင် မြင်ကွင်းအားလုံးကိုကြည်လင်စေရန်၊ အမှောင်ခွင်း၍ အလင်းကိုဆောင်နိုင်စေရန်၊ ဖြစ်ပျက်သမျှ ဘ၀ပြဿနာများကို ဖြေရှင်နိုင်စေရန်၊ စိတ်မွန်းကြပ်နေမှုကို ဖြေဖျောက်နိုင်စေရန် နည်းလမ်းများနှင့် အကျိုးတရားများကိုလည်းကောင်း အကျဉ်းအားဖြင့် ရေးသားတင်ပြခြင်းဖြစ်ပါသည်။
        ထို့ကြောင့် လောကကို အလှဆင်ချင်ကြသူများ၊ မိမိကိုယ်တိုင်လည်းလှချင်၊ သူတစ်ပါးကိုလည်း လှစေချင်ကြသူများ၊ ပစ္စုပ္ပန်သံသရာ နှစ်ဖြာသောချမ်းသာကို လိုလားကြသူများသည် …… လှချင်သူတိုင်းအတွက်ဖန်တီးရှင် …… စာတမ်းကို ဖတ်ရှုလေ့လာခြင်းဖြင့် အလှဆင်နိုင်ကြပါစေဟူသော စိတ်ကောင်းစေတနာဖြင့် တိုက်တွန်းအပ်ပါသည်။   

No comments:

Post a Comment