နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ။
*မင်းကွန်း ဆရာတော်ဘုရားကြီး၏ ခန္ဓာငါးပါး ၀ိပဿနာလင်္ကာ* (၁) ရုပ်ဟုတွင်မည်၊ ခန္ဓာသည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏၊ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏၊ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး၊ ပညာစက္ခု၊ မြော်ထောက်ရှုလျှင်၊ သူ့သဘာဝ၊ အနိစ္စနှင့်၊ ဒုက္ခ, အနတ္တာ၊ မှန်လှစွာ၏၊ ငါ, ငါ့ဥစ္စာ၊ ငါ့လိပ်ပြာဟု၊ ဘာတစ်ခုမျှ၊ မဟုတ်ကြသည်၊ ဓမ္မသက်သက်ပါတကား။ (၂) ဝေဒနာတွင်မည်၊ ခန္ဓာသည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏၊ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏၊ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး၊ ပညာစက္ခု၊ မြော်ထောက်ရှုလျှင်၊ သူ့သဘာဝ၊ အနိစ္စနှင့်၊ ဒုက္ခ, အနတ္တာ၊ မှန်လှစွာ၏၊ ငါ, ငါ့ဥစ္စာ၊ ငါ့လိပ်ပြာဟု၊ ဘာတစ်ခုမျှ၊ မဟုတ်ကြသည်၊ ဓမ္မသက်သက်ပါတကား။ (၃) သညာတွင်မည်၊ ခန္ဓာသည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏၊ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏၊ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး၊ ပညာစက္ခု၊ မြော်ထောက်ရှုလျှင်၊ သူ့သဘာဝ၊ အနိစ္စနှင့်၊ ဒုက္ခ, အနတ္တာ၊ မှန်လှစွာ၏၊ ငါ, ငါ့ဥစ္စာ၊ ငါ့လိပ်ပြာဟု၊ ဘာတစ်ခုမျှ၊ မဟုတ်ကြသည်၊ ဓမ္မသက်သက်ပါတကား။ (၄) သင်္ခါရတွင်မည်၊ ခန္ဓာသည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏၊ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏၊ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး၊ ပညာစက္ခု၊ မြော်ထောက်ရှုလျှင်၊ သူ့သဘာဝ၊ အနိစ္စနှင့်၊ ဒုက္ခ, အနတ္တာ၊ မှန်လှစွာ၏၊ ငါ, ငါ့ဥစ္စာ၊ ငါ့လိပ်ပြာဟု၊ ဘာတစ်ခုမျှ၊ မဟုတ်ကြသည်၊ ဓမ္မသက်သက်ပါတကား။ (၅) ၀ိညာဏ်တွင်မည်၊ ခန္ဓာသည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏၊ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏၊ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး၊ ပညာစက္ခု၊ မြော်ထောက်ရှုလျှင်၊ သူ့သဘာဝ၊ အနိစ္စနှင့်၊ ဒုက္ခ, အနတ္တာ၊ မှန်လှစွာ၏၊ ငါ, ငါ့ဥစ္စာ၊ ငါ့လိပ်ပြာဟု၊ ဘာတစ်ခုမျှ၊ မဟုတ်ကြသည်၊ ဓမ္မသက်သက်ပါတကား။ ။

Saturday 14 May 2011

အမှာစကား

 နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်သို့ တက်ရောက်ခွင့်ရကြသော သင်တန်းသားတိုင်းသည် စာသင်နှစ်နောက်ဆုံးနှစ်(စတုတ္ထနှစ်)သို့ရောက်သည့်အခါ ဘွဲ့ယူစာတန်းအဖြစ် စာတမ်းတစ်စောင်စီကို မဖြစ်မနေရေးကြရသည်။ ထိုသို့ရေးသားကြသော သင်တန်းသားထဲတွင် ဤစာတမ်းရှင်လည်းတစ်ပါးအပါအဝင်ဖြစ်သည်။ စာတမ်းရှင်သည်စာတမ်းပြုစုရန်စဉ်းစားခဲ့ရာ မေတ္တာနဲ့ပတ်သက်သောအကြောင်းအရာများက ရှေ့ဦးစွာနေရာယူခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် စာတမ်းရှင်သည် မေတ္တာတရား၏အကျိုးပေးပုံ၊အစွမ်းထက်ပုံတို့ကို ကိုယ်တိုင်လက်တွေ့ခံစားခဲ့ရဘူးသည်။ စာတမ်းရှင်၏အောင်မြင်မှုများနှင့် မိတ်ဆွေအပေါင်းသင်းပေါများခြင်း၊အခတ်အခဲအမျိုးမျိုးကိုကျော်ဖြတ်နိုင်ခြင်းစသည်တို့သည် မေတ္တာတရားကြောင့်ပင်ဖြစ်ပါသည်။ 
 ထိုမေတ္တာ၏အစွမ်းကို ဒကာဒကာမများမျှဝေခံစားကြစေရန်ရည်ရွယ်၍ မေတ္တာနှလုံးအလှဆုံး အမည်ဖြင့် ညတရားပွဲပေါင်းများစွာကိုဟောပြောခဲ့ပါသည်။ ယခုတဖန် ဒကာဒကာမများသည် မေတ္တာတရားကိုတိတိကျကျ သိရှိနားလည်ကြစေရန်လည်းကောင်း၊ လေ့လာမှတ်သား၍ ကျင့်ကြံပွှားများနိုင်ကြစေရန်လည်းကောင်း၊ဘွဲ့ယူစာတမ်းအဖြစ်လည်းကောင်း လှချင်သူတိုင်းအတွက်ဖန်တီးရှင် အမည်ဖြင့်ထပ်မံရေးသားလိုက်ရပါသည်။ ၎င်းစာတမ်း၌ ပိဋကတ်ကျမ်းဂန်တို့မှ ဉာဏ်မှီသမျှကို ကြိုးစာရှာဖွေရေးသားထား၍ အဓိကကျမည်ဟု ယူဆထားသော အကြောင်းအရာအချို့ကိုသာဦးစားပေး၍ ရေးသားထားပါသည်။ ရေးသားမှုများ၌ ပြည့်စုံလုံလောက်ပြီဟုမဆိုရဲပါ။ အကြောင်းမှာ စာတမ်းရှင်သည်ပိဋကတ်ပင်လယ်ကိုကူးခတ်ရန် အစပျိုးနေဆဲဖြစ်ခြင်း၊ စာရေးစာဖတ်အားနည်းခြင်း၊ဉာဏ်ရည်ဉာဏ်သွေးနုနယ်ခြင်းစသော အကြောင်းများကြောင့်ဖြစ်ပါသည်။
 ထိုသို့ရေးသားရာ၌ အကြောင်းအမျိုးမျိုးကြောင့် မှားယွင်းမှုများ၊မပြည့်စုံမှုများရှိနိုင်ပါသည်။ ရှိလာခဲ့သော် ...ကျရောက်မြူသွင်၊အပြစ်မြင်က၊ တင်၍နှုတ်သာ၊ကဲ့ရဲ့ပါနှင့်၊လျှင်စွာလျှောက်ကူ၊ပြင်တော်မူရှင့်...။ ဟု ရှင်မဟာရဋ္ဌသာရမိန့်ဆိုခဲ့သည့်အတိုင်း ပြင်ဆင်၍ ဖတ်ရှုကြပါရန်မေတ္တာရပ်ခံအပ်ပါသည်။
 ဤစာတမ်းကိုဖတ်ပြီးသောအခါ မိမိတို့သန္တာန်၌ မေးမြန်းချင်စရာတစုံတရာဖြစ်ပေါ်လာခဲ့သော် စာတမ်းရှင်ထံသို့ လူကိုတိုင်ဖြစ်စေ၊စာဖြင့်ဖြစ်စေ၊ဖုန်းဖြင့်စေ မေးမြန်းနိုင်ကြပါသည်။ 
စာဖတ်အရိတ်သတ်များသည် ဤစာတမ်းကိုဖတ်၍ အလှအပကိုဖန်တီးနိုင်ကြပါစေ။


                 အရှင်တေဇောဘာသ
                       မဂဓတက္ကသိုလ်
                          ဗုဒ္ဓဂယာ
                          အိန္ဒိယနိုင်ငံ

                    နိဒါန်းစကား
   လူသည်အလှအပကိုမြတ်နိုး၏။ အလှအပကိုရှာဖွေ၏။ အလှအပတရားသည် နှလုံးသားကိုအမြဲတစေ ရွှင်လန်းချမ်းမြေ့စေ၏။ နေရာတိုင်းမှာရှာဖွေတွေ့ရှိနိုင်သောအရာသည်အလှအပတရားဖြစ်၏။ အလှအကိုရှာဖွေရာတွင် စိတ်ကောင်း၊စေတနာကောင်းဖြင့်ရှာဖွေဖို့လို၏။ သို့မှသာအလှစစ်အလှမှန်ကိုတွေ့နိုင်မည်ဖြစ်သည်။
 လောကတွင်ရှိကြသောယောင်္ကျား၊မိန်းမတို့သည်လှချင်ကြသည်။ အလှအပကိုတာဝန်တရပ်အနေဖြင့်ပြုပြင်ကြသည်။ အလှအပသည်ပြုပြင်လေ့ကျင့်မှုမှဖြစ်ပေါ်လာသည်။ မိမိခန္ဓာကိုယ်လှပရေးအတွက် အဆင်တန်ဆာအမျိုးမျိုးဆင်မြန်းကြသည်။ လှချင်ကြ၍ ခေါင်း၏တန်ဆာအဖြစ်ပန်းပန်ခြင်း၊ခေါင်းဖြီးခြင်း၊ ဆံပင်ညှပ်ခြင်း။ နား၏တန်ဆာအဖြစ် နားဍောင်း၊နားကပ်။ လည်၏တန်ဆာအဖြစ် ပုလဲပုတီးဆွဲကြိုး၊လက်၏တန်ဆာအဖြစ် လက်ကောက်လက်စွပ်၊နာရီ၊ ခန္ဓာကိုယ်၌ဝတ်ကောင်းစားလှစသည်တို့ဆင်မြန်းဝတ်ဆင်ကြသည်။ သင့်တင့်သောကာယလေ့ကျင့်ခန်းများပြုလုပ်ကြသည်။ ၎င်းတို့သည် ရုပ်၏လှပတင့်တယ်မှုကို ဖြစ်ပွားပြည့်စုံစေကြ၏။ စိတ်ကိုကားမပြည့်စုံစေနိုင်။ တစိတ်တဒေသမျှသာ ကူညီထောက်ပံ့ပေးနိုင်ကြသည်။
 ပန်းပန်ခြင်း၊ခေါင်းဖြီးခြင်းစသော အဆင်တန်ဆာတို့သည် အခိုက်အတန့်လှပရေး၊မိမိတစ်ဦးတည်းလှပရေးသာဖြစ်၍ အမှန်စင်စစ်အားဖြင့် အဆင်တန်ဆာအတုသာဖြစ်သည်။ ထိုအတုသည် ချမ်းသာအစစ်ကိုမပေးနိုင်။ မိမိနှင့်ပတ်ဝန်းကျင်ကို စစ်မှန်သောအလှအပမဆင်နိုင်။ အလှအပကိုမက်မောသောပုထုဇဉ်တို့၏စိတ်ကို ဟန်ဆောင်အလှဖြင့်နှစ်သိမ့်ခြင်းသာဖြစ်သည်။
 အလှအပသည် စိတ်ခံစားမှုနှင့်ဆိုင်၏။ လူတို့သည်ရုပ်ချည်းသက်သက်ရပ်တည်နေကြသည်မဟုတ်။ စိတ်နှင့်လည်းဆက်သွယ်နေကြသည်။ ရုပ်ချောဖို့ထက်ချစ်စရာကောင်းဖို့အရေးကြီးသည်။ လူတစ်ယောက်ကိုချစ်သည်မုန်းသည်ဆိုသည်မှာ ထိုလူ၏ရုပ်သက်သက်ကိုမဟုတ်ပေ။ ထိုရုပ်၏နောက်ကွယ်မှ အပြုအမူစိတ်နေသဘောထားကိုသာဖြစ်သည်။
 လူသည်အသက်ရှင်ရပ်တည်နေခိုက် ကံကောင်းခြင်းတရပ်ဆိုသည့် အကောင်းမြင်စိတ်ရှိဖို့လို၏။ သို့မှသာအသက်ရှင်ရပ်တည်နေသရွေ့စိတ်ကြည်လင်လန်းဆန်းစေသောအလှအပခြယ်သမှုကို အားတက်သရောလုပ်ကိုင်နိုင်မည်ဖြစ်သည်။ စိတ်မှာပျော်ရွှင်စရားလေးတွေနှင့်ပြည့်နေသောသူသည် ရုပ်ဆိုးအကျည်းတန်မနေတတ်ပါ။ ရင်ထဲမှပျော်ရွှင်ကြည်နူးမှုသည် မျက်နှာပြင်ကို အရိပ်ထင်ဟပ်စေပါသည်။ ထို့ကြောင့်စိတ်ကိုပြင်ဆင်တတ်ရန်လိုပါသည်။ အမြဲတမ်းလိုလို စိတ်ရှုပ်စိတ်ညစ်နေတတ်သူသည် နဖူးကြောတွေရှုံ့၊မျက်မှောင်တွေကုတ်နေသောကြောင့်အလှပျက်တတ်ပါသည်။စိတ်ဖိစီးမှုဒဏ်ကို အတတ်နိုင်ဆုံး လျှော့ပါးစေနိုင်မှသာ ကိုယ့်ရဲ့စိတ်အေးချမ်းမှုနဲ့ ဆက်သွယ်နေသောရုပ်ရည်လှပမှုကိုရယူခံစားနိုင်မည်ဖြစ်သည်။  
                                                                         ဆက်ရန်.........

No comments:

Post a Comment