သူပြောတဲ့စကား
ငါ့ကိုစော်ကား
စဉ်းစားတိုင်းဒေါသပွား
တွေးမိတိုင်းသောကပွား။
ပြောတဲ့သူက
မေ့မေ့ပျောက်ပျောက်
ငါ့ရင်မှာမီးတောက်။
ကြာလာတော့စိတ်ပြေ
မေ့လိုက်တော့သက်သာ
ခွင့်လွှတ်တော့ချမ်းသာ။
တရားခံက
ငါ့ဒေါသ
ငါ့မာန
ငါ့အတ္တ။
သူပေးတဲ့အပူ
မယူလည်းရသားနဲ့
နောက်များဆိုမယူဖို့
ငါစိတ်ကိုဆုံးမထား။
No comments:
Post a Comment